၂၀၂၁ခုနှစ် ဆေးပညာဘွဲ့လွန်သင်တန်းများနှင့်ပတ်သက်သည့်ကြေငြာချက်

ဆေးတက္ကသိုလ် ၂ ရန်ကုန်
၂၀၂၁ခုနှစ် ဆေးပညာဘွဲ့လွန်သင်တန်းများနှင့်ပတ်သက်သည့်ကြေငြာချက်


၂၀၂၁ ခုနှစ်ဆေးပညာဘွဲ့လွန်သင်တန်းများသို့တက်ရောက်ခွင့်ရရှိသူများစာရင်းကို ဇူလိုင်လ ၃၀ ရက်နေ့ ၌ ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်ပါသည်။
ယခုလတ်တလော၌ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမြင့်တက်နေသောကြောင့် သင်တန်းများဖွင့်ရက်အား ရက်ရွှေ့ဆိုင်းမည်ဖြစ်ပါသည်။
သို့ပါ၍ သင်တန်းတက်ရောက်ခွင့်ရရှိသူဆရာဝန်များအနေဖြင့် မိမိတို့ မိခင်ဌာနများ‌တွင်သာ တာဝန်ထမ်းဆောင်နေကြပါရန်နှင့် သင်တန်းတက်ရောက်ရမည့်ရက်အား ထပ်မံကြေငြာပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။